ချစ်ရပါသော လူလိမ်လေး -
ခြုံငုံသုံးသပ်ချက်:လူတွေဟာကိစ္စပေါင်းစုံအဆင်ပြေဖို့အတွက် အနည်းနဲ့အများတော့လိမ်ကြရတာတွေရှိပါတယ်။ ဒါပေမဲ့ ကိုယ့်ကိုလာလိမ်နေတဲ့လူတွေရဲ့ခေါင်းထဲက လိမ်ညာမဲ့အတွေးကို ကြားနေရတဲ့လူတစ်ယောက်ကလူတွေနဲ့ ဘယ်လိုမျိုးပေါင်းသင်းဆက်ဆံရေးကို လုပ်နိူင်မှာလဲ။ အခုတစ်ခေါက် GCက တင်ဆက်ပေးမဲ့ကားကလည်း အဲ့လို လူတွေရဲ့လိမ်နေတဲ့အတွေးတွေကိုကြားနေရတဲ့ကောင်မလေးတစ်ယောက်MOK SOL HEE အကြောင်းပါ။ MOK SOL HEEဟာလူတွေလိမ်ပြောနေတာလားအမှန်ပြောတာလားဆိုတာကိုခွဲခြားနိုင်တဲ့ထူးခြားတဲ့စွမ်းရည်ရထားတဲ့သာမန်မိန်းကလေးပါ။သူမရဲ့အစွမ်းကြောင့်သူမဟာဘယ်သူကိုမှလည်းမယုံတော့ပါဘူး။ KIM DO HAကတော့ နာမည်ကြီးကုမ္ပဏီကသီချင်းထုတ်ဝေသူဖြစ်ပါတယ်။ အကြောင်းတစ်ခုကြောင့် ထွက်ပြေးရှောင်ပုန်းလာခဲ့ရာကနေ KIM DO HAက MOK SOL HEEရဲ့အိမ်နားမှာ ငှားနေရင်းအိမ်နီးချင်းဖြစ်လာခဲ့ပါတယ်။ နှစ်ယောက်သားတွေ့ဆုံကြတဲ့အခါKIM DO HAဆီကနေလိမ်ညာတဲ့အတွေးတစ်ခုမှမကြားရတာကြောင့် MOK SOL HEEအံ့သြပြီးအဖြေရှာဖို့ကြိုးစားပါတော့တယ်။
မှတ်ချက်