A League of Their Own -
ခြုံငုံသုံးသပ်ချက်:ဒုတိယကမ္ဘာစစ်ကာလတုန်းက အားကစားအသီးသီးမှာ နိုင်ငံတော်အဆင့် အမျိုးသမီးသီးသန့်လိဂ်ရယ်လို့ ခေတ်မစားသေးပါဘူး။ အမေရိကန်ပြည်ထောင်စုမှာလည်း နာမည်ကြီးအားကစားဖြစ်တဲ့ ဘေ့စ်ဘောအတွက်အမျိုးသမီးလိဂ်ဆိုတာမရှိခဲ့ပဲ လိဂ်ရဲ့တာဝန်ရှိသူတွေအနေနဲ့ အမျိုးသားလိဂ်မှာ စစ်ပွဲကာလတွင်းအကြောင်းအမျိုးမျိုးကြောင့် ငွေကြေးအရရော ရပ်တည်မှုအရပါယိုင်နဲ့လာတဲ့အတွက် ပရိသတ်တွေအတွက်အသစ်အဆန်းဖြစ်အောင် နိုင်ငံအနှံ့ကဝါသနာရှင် အမျိုးသမီးတွေကို ဇကာတင်ရွေးချယ်ပြီးလိဂ်တစ်ခုဖြစ်အောင်စတင်အသက်သွင်းခဲ့ပါတော့တယ်။ ပြောစရာရှိတာကတော့ သာမန်အားကစားဇာတ်လမ်းတစ်ခုဆိုတာထက် အဲဒီခေတ်မှာ အမျိုးသမီးတွေအပေါ် ဖိနှိပ်ခွဲခြားမှုတွေ၊ လူမျိုးရေးခွဲခြားမှု၊ အသားအရောင်ခွဲခြားမှုတွေက ဘယ်လောက်ထိအကျည်းတန်ခဲ့တယ်ဆိုတာကို သိသိသာသာမီးမောင်းထိုးပြသွားတာပါပဲ။
မှတ်ချက်