The Weather Man 2005 -
ခြုံငုံသုံးသပ်ချက်:အလုပ်ကအဆင်မပြေတော့ Family Lifeကိုကြည့်တော့လည်းတလွဲ။ ဇနီးဖြစ်သူနိုရင်းနဲ့ကလည်း တကျက်ကျက်ရန်ဖြစ်၊နေ့တိုင်းဆူပူနေတဲ့မိဘတွေကြောင့် စိတ်ထွက်ပေါက်ရှာတဲ့ကလေးတွေက ဆေးစွဲတဲ့လူနဲ့ ဆေးလိပ်သောက်တဲ့လူနဲ့ပြဿနာတွေဒုနဲ့ဒေး။ ဒီကြားထဲမှာမှ အဖေဖြစ်သူရဲ့သတင်းဆိုးကလည်း သူ့အတွက်တော့ ကံဆိုးမသွားလေရာမိုးလိုက်လို့ရွာပါပဲ။ Social lifeကတော့ အထွေအထူးပြောစရာမလိုပါဘူး။ တလွဲချည်းပဲ တီဗီပေါ်တက်တက်ပြောနေတဲ့ဒေ့ဗ်ကိုလူတွေကအင်မတန်ချစ်ခင်ကြတော့ အပြင်မှာတွေ့ရင် ကြုံသလိုသွားရည်စာနဲ့ပစ်ပေါက်ပြီး ဆွမ်းကြီးလောင်းကြပါတယ်။ဒီလိုစုတ်ပြတ်နေတဲ့ဒေ့ဗ်ရဲ့ဘဝကို ပြောင်းလဲပေးမယ့်မဟာအခွင့်အရေးဖြစ်တဲ့ သူ့ရဲ့Dream Jobက သူ့ရှေ့မှောက်ကိုရောက်လာတဲ့အခါမှာတော့ သူ့ရဲ့ရွေးချယ်မှုတွေ အရင်လိုပဲဝေဝါးနေဦးမှာလား။ ဘဝရဲ့ပြဿနာတွေကိုရော သူဘယ်လိုဖြေရှင်းသွားမလဲဆိုတာ အတူတူကြည့်ရှုလိုက်ရအောင်ပါ။Nicolas Cageရဲ့နာမည်ကျော်ရုပ်ရှင်ကားတစ်ကားဖြစ်သလို လက်တွေ့ဘဝလိုပဲ မထင်မှတ်ထားတာတွေအလွဲအချော်တွေ အဖုအထစ်တွေရှိလာတဲ့အခါမှာ လူသားတွေအတွက်လိုအပ်တဲ့ self-acceptance ဆိုတာကို မျက်ဝါးထင်ထင်ရိုက်ကူးပြထားတဲ့ဒရာမာကောင်းတစ်ကားဆိုတာတော့ ငြင်းမရတဲ့အမှန်တရားပါပဲ။
မှတ်ချက်