One Million Yen Girl 2008 -
ခြုံငုံသုံးသပ်ချက်:ဒီကားက မိသားစုဒရာမာကားလို့ ပြောရင်လည်းမမှားဘူး။ ဒါပေမဲ့ ကြည်နူးစရာအတိတော့မဟုတ်ဘူး။ Aoiရဲ့ဇာတ်ကောင်ဖြစ်တဲ့ ဆုဇုခိုဟာ အိမ် ကနေထွက်ပြီး အပြင်မှာသွားနေရာက သူ့ကြောင်လေးကို လွင့်ပစ်လိုက်တဲ့အခန်းဖော်ရဲ့ ပစ္စည်းတွေအကုန် လွှင့်ပစ်မိရာက ထောင်ကျသွားတယ်။ ထောင်ကျတာက သိပ်မကြာလိုက်ပေမဲ့ နာမည်ပျက်ပြီး ပတ်ဝန်းကျင်ကမကောင်းပြောကြရော။ ဒီတော့ သူက ယန်းတစ်သန်းစုတယ် ပြည့်ရင် တခြားတစ်နယ်မှာ သွားနေဖို့လုပ်တယ်။ နေရာအသစ်ကိုရောက်လိုက် လူအသစ်တွေနဲ့စစချင်းအဆင်ပြေလိုက် နောက်ပိုင်းအဆင်မပြေလိုက် ယန်းတစ်သန်းစုလိုက် ပြောင်းလိုက်နဲ့ သူက ဒီလိုပဲ ခြေဦးတည့်ရာ သွားရင်းနေလာခဲ့တယ်။ လူတွေဆီက ထွက်ပြေးဖို့ ကြိုးစားတဲ့ကောင်မလေးရဲ့ခရီးက ဘယ်မှာဆုံးမလဲ လောကကို ရင်မဆိုင်ရတဲ့ ကောင်မလေးတစ်ယောက် လောကကို ဘယ်လိုရင်ဆိုင်ရမလဲ ကျွန်တော်တို့ ယန်းတစ်သန်းမိန်းကလေးကားမှာ မြင်ရလိမ့်မယ်။ ဇာတ်အိမ်လည်းကောင်းသလို ယု အအိုအိနဲ့တင်တန်နေတဲ့ ရုပ်ရှင်မို့ ကြည့်သင့်တဲ့ကားကောင်းတစ်ကားပါပဲ။
မှတ်ချက်