The Red Dress 2015 -
ခြုံငုံသုံးသပ်ချက်:ပတ်ထရစ်ရှာနဲ့ရိန်နာတို့ဟာ အများအမြင်မှာ အစစအရာရာပြည့်စုံနေတဲ့ ဇနီးမောင်နှံပေါ့။ တစ်နေ့မှာတော့ အိမ်မီးလောင်ပြီး ကလေးဆုံးသွားတာကစလို့ သူတို့ဘ၀ထဲ ဂြိုလ်ဆိုးကစမွှေပါတော့တယ်။ ကလေးဆုံးပြီးတဲ့နောက်မှာ ပတ်ထရစ်ရှာတစ်ယောက် စိတ်ဓာတ်တွေအကျကြီးကျသွားခဲ့သလို လင်မယားဆက်ဆံရေးလည်း ဝေးကွာလာခဲ့ပါတယ်။ အဲဒီဒဏ်ရာတွေကို ကုစားဖို့အတွက် ရိန်နာနဲ့ပတ်ထရစ်ရှာဟာ လန်ဒန်မြို့ကြီးနဲ့ဝေးရာ၊ လှပတဲ့ မော်လ်တာကျွန်းဆီ ခေတ္တပြောင်းရွှေ့နေထိုင်ခဲ့ကြပါတယ်။အစပိုင်းမှာ ပတ်ထရစ်ရှာတို့လင်မယား ပြန်ပြေလည်သလိုဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အတိတ်ကအရိပ်တွေ ပြန်ပေါ်လာပြီး နှစ်ဦးသားရဲ့ကြည်နူးမှုဟာ ကြာရှည်မခံလိုက်ပါဘူး။ နောက်ပိုင်းမှာ ရိန်နာ၊ ပတ်ထရစ်ရှာ၊ ရိန်နာရဲ့ အခင်ဆုံးသူငယ်ချင်းဂျိမ်းစ်နဲ့ ရုံးစာရေးမလေး ကန်းဒစ်တို့ရဲ့ဖောက်ပြန်ရေးဇာတ်ထုပ်တွေ၊ သံသယ၀င်စရာမီးလောင်မှုနဲ့ ပြင်းထန်တဲ့စိတ်ဒဏ်ရာတွေအားလုံး ရောသောရှုပ်ထွေးလာပါတယ်။ ဒီလိုနဲ့ အနီရောင်၀တ်စုံတစ်စုံကစတင်ပြီး ကြောက်စရာကောင်းတဲ့ စိတ်ရဲ့ဖောက်ပြန်ပြောင်းလဲမှုက အေးချမ်းနေတဲ့ဘ၀တွေကို ဘယ်လိုဒုက္ခပေးသွားမလဲ၊ ဇာတ်လမ်းကို ဘယ်လိုဆွဲခေါ်သွားမလဲဆိုတာ
မှတ်ချက်