After the Storm 2016 -
ခြုံငုံသုံးသပ်ချက်:မိန်းကာရိုက်တာက ငယ်ငယ်ကတည်းက စာရေးကောင်းတယ်။ စာရေးဆရာအလုပ်နဲ့ပဲ အသက်မွေးချင်တဲ့လူ။ သူတို့မိသားစုကို အခြေခံပြီး တစ်အုပ်ရေးပြီး စာပေဆုတစ်ခုတောင် ရလိုက်သေးတယ်။ ပြဿနာက သူနောက်တစ်အုပ်ထပ်ရေးဖို့ ကြိုးစားတာ အတော်ကြာပေမဲ့ မရတော့တာပဲ။ ဒီတော့ ဝင်ငွေနည်းတယ်။ ဒီကြားထဲကမှ လောင်းကစားလည်း ဝါသနာပါသေးတယ်။ ဒါကိုမှ အချိုအချောင်ငွေရမယ့် စာလေးကျတော့လည်း မရေးချင်ဘဲ မာနကြီးပြန်တယ်။ ဒီတော့ အိမ်ထောင်ရေးမပြေလည်ဖြစ်ပြီး မိန်းမနဲ့ကွဲသွားပေမဲ့ လောင်းကစားဝါသနာပါလွန်းလို့ အချိန်ပိုင်းလုပ်တဲ့ စုံထောက်အလုပ်ကနေ ငွေရပေမဲ့ ကလေးစရိတ်မပေးနိုင်ပြန်ဘူး။ ဒါပေမဲ့ သူက သူ့သားနဲ့ မိန်းမကို ချစ်တယ်။ သူ့သားကို တစ်လတစ်ခါတွေ့ခွင့်ရဖို့ ကလေးစရိတ်ကို အကြောင်းမျိုးစုံပြပြီး တွေ့တယ်။ ကလေးစရိတ်မပေးနိုင်လို့ သူ့မိန်းမကတော့ သူ့ကိုသိပ်မကြည်ဖြူတော့ဘူး။ ပြောရရင် ဒီကာလက သူ့ဘဝရဲ့ မုန်တိုင်းထန်နေတဲ့ အချိန်ပေါ့။ တစ်ရက်ကျ သူ့ကလေးကိုခေါ်ထားရင်း ကလေးစရိတ်ပေးဖို့ သူ့အမေအိမ်က ပိုက်ဆံခိုးဖို့ သူ့ကလေးကို သူ့အမေအိမ်ခေါ်သွားတယ်။ သူ့မိန်းမက သူ့ကလေးကို လာကြိုတော့ မုန်တိုင်းတိုက်နေတဲ့အချိန်မို့ အိမ်မပြန်ဖြစ်ဘဲ သူ့အမေအိမ် သူတို့မိသားစု တစ်ညတာနေဖြစ်သွားတယ်။
မှတ်ချက်