3 Ninjas Kick Back 1994 -
ခြုံငုံသုံးသပ်ချက်:ဇာတ်ကြောင်းကတော့ .. ရော့ကီ၊ ကော့တ်နဲ့ တမ်တမ် ဆိုတဲ့ ညီအစ်ကို သုံးယောက် ရှိကြသဗျ။ သူတို့ဟာ နွေရာသီအားလပ် ရက်တွေမှာ အဘိုးဖြစ်သူရဲ့ အပန်းဖြေအိမ်လေးကို သွားပြီး နင်ဂျာသိုင်း သင်ကြပါတယ်။ တစ်ခုသောနွေရာသီမှာတော့ အဘိုးဖြစ်သူက လွန်ခဲ့တဲ့ အနှစ် ၅၀ က သူ ပြိုင်ပွဲဝင်ရင်း ဆုရခဲ့တဲ့ဓားမြှောင်တစ်ချောင်းရဲ့ သမိုင်းကို မြေး ၃ယောက်ကို ပြောပြပါတော့တယ်။ ဒီလိုနဲ့ ဒီဓားမြှောင်က တိုကျိုမှာရှိတဲ့ ရွှေလှိုဏ်ဂူတစ်ခုရဲ့ သော့ဖြစ် ကြောင်း သိလိုက်ရပါတော့တယ်။ ဒီဓား မြှောင်ကို အဘိုးဖြစ်သူဟာ ယခုလက်ရှိ ဂျပန်နိုင်ငံ ကိုဂါမြို့မှာ ကျင်းပတဲ့ နင်ဂျာပြိုင်ပွဲမှာ အနိုင်ရသူကို ပြန်ပြီး လက်ဆင့်ကမ်း ချီးမြှင့်မှာ ဖြစ်ပါတယ်။ သို့ပေမဲ့ လွန်ခဲ့တဲ့ အနှစ် ၅၀ က ရန်ကြွေးကို ခုထိ မကျေချင်သူက ဒီဓားမြှောင်ကို အရယူဖို့ ကြိုးစားရင်း အဘိုး ဖြစ်သူ ဒုက္ခကြုံရတဲ့အခါမှာ ရော့ကီ၊ ကော့တ်နဲ့ တမ်တမ်တို့ ညီအစ်ကို (၃)ယောက် အဘိုးရှိရာ ဂျပန်ပြည်ကို လိုက်သွားပြီး စွန့်စားခန်းဝင် ကြတာကို ကြည့်ရှူရမှာပါ။
မှတ်ချက်